The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ပြည်သူသို့ပန်ကြားလွှာ


မိဘပြည်သူများသို့ အသိပေးပန်ကြားချက်
၁။   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှဓာတ်အား လိုအပ်ချက် ၄,၆၆၄ မဂ္ဂါဝပ်ကို ပြည့်ဝစွာဖြန့်ဖြူးပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ သို့သော်လည်း လက်ရှိတွင် အဓိကဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် LNG သုံးဓာတ်အားပေးစက်ရုံများမှ ၅၀၀ မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်း ထုတ်လုပ် နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပုံမှန်ထုတ်လုပ်နိုင်မှု၏ ၇၇ ရာခိုင်နှုန်းဖြစ်သော ၃,၆၀၀ မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိပါသည်။ ၎င်းအပြင် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများအား ပြန်လည် ပြင်ဆင်ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။


Read More...

: 17-Mar-2026
လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း
၁။        လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် လျှပ်စစ်ဥပဒေပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယင်းဥပဒေ ပုဒ်မ ၄၁ နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် လျှပ်စစ်ဓာတ်အားခနှုန်းထားများကို  အမိန့်ကြော်ငြာစာအမှတ်(၈၉/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။


Read More...

: 27-Feb-2026
ဓာတ်အားသုံးစွဲသူမီးသုံးသူပြည်သူများအား အသိပေးမေတ္တာရပ်ခံပန်ကြားခြင်း
၁။ ၂၈- ၃ -၂၀၂၅ ရက်တွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် မီးသုံးစွဲသူပြည်သူ များနှင့် ဝန်ထမ်းများ၏ နေအိမ်/ အိမ်ရာများပျက်စီးခဲ့၍ မီးသုံးစွဲသူပြည်သူများနှင့် ဝန်ထမ်းများ အခြားနေရာများသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ အဆိုပါနေထိုင်ခဲ့ရမှုများကြောင့် ယခင် နေထိုင်ခဲ့သောနေအိမ်များရှိ မီတာများ၏ နောက်ဆုံးဖတ်ချက်များကို ဖတ်ရှု၍ စနစ်တကျ မှတ်တမ်းတင်ထားခဲ့ပြီး Demand အား ယာယီရပ်ပေးခဲ့ပါသည်။


Read More...

: 02-Jul-2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၁ ရက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက် ပြည်သူသို့ အသိပေးကြေညာခြင်း လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း
၁။ နိုင်ငံတော်၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးတို့ အတွက် လျှပ်စစ်ဓာတ်အားရရှိရေးသည် အဓိကကျသောကြောင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ လျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများနှင့် ဓာတ်အားလိုင်းကြီးများ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ တည်ဆောက်ခြင်း၊ ပြုပြင်ထိန်းသိမ်းခြင်းများကို ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် ဆောင်ရွက်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများသို့ တည်ငြိမ်သော လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်ဖြန့်ဖြူး ပေးနိုင်ရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာရေးနှစ်အလိုက် ထုတ်လုပ်မှုစရိတ် မြင့်မားလာပါသဖြင့် ဓာတ်အားခနှုန်းထားများအား ပြင်ဆင်သတ်မှတ်ရန် လိုအပ်လျက်ရှိပါသည်။


Read More...

: 30-Aug-2024
အသိပေးပန်ကြားချက်
အသိပေးပန်ကြားချက်


Read More...

: 07-Mar-2022