The Republic of the union of myanmar

MINISTRY OF ELECTRIC POWER

Breaking News :

ဓါတ်အားခနှုန်းထားများ နှင့် သက်မှတ်ကြေး


လျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်း

၁။   á€œá€ťá€žá€•á€şá€…á€…á€şá€…á€˝á€™á€şá€¸á€Ąá€Źá€¸á€á€”á€şá€€á€źá€Žá€¸á€Œá€Źá€”á€žá€Šá€ş လျှပ်စစ်ဥပဒေပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ယင်းဥပဒေ ပုဒ်မ ၄၁ နှင့်အညီ ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် လျှပ်စစ်ဓာတ်အားခနှုန်းထားများကို  á€Ąá€™á€­á€”အ်ကဟ္ဏ်ငဟဏစဏဥမသတ်(၈၉/၂၀၂၆) ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

၂။   á€žá€˜á€Źá€á€“ဏတ်ငွ္အရည် (Liquefied Natural Gas - LNG) သုံး ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးနိုင်သည့် စက်မှုဇုန်၊ အထူးစီးပွားရေးဇုန်များအတွင်းရှိ အိမ်သုံးမဟုတ်သည့်နှုန်းထားဖြင့် ကောက်ခံနေသော လျှပ်စစ်ဓာတ်အားသုံးစွဲသူများထံ ဓာတ်အားလိုင်းနှင့် ဓာတ်အားစနစ်ပြတ်တောက်မှု (Line Fault and System Breakdown) မှအပ ဓာတ်အားဖြတ်တောက်မှု (Load Shed) မပြုလုပ်ဘဲ ၂၄ နာရီ သီးခြားဓာတ်အားပေးမည်ဖြစ်ပြီး၊ အဆိုပါဓာတ်အားအတွက် ပုံသေဓာတ်အားခနှုန်း တစ်ယူနစ် လျှင် ၉၀၀ ကျပ် ကောက်ခံသွားမည်ဖြစ်ကြောင်း သတ်မှတ်လိုက်သည်။

၃။   á€…က်မသုဇုန် နှင့် အထူးစီးပွားရေးဇုန်များ၏ ပြင်ပတွင်ရှိသော စက်မှု/စီးပွားရေးလုပ်ငန်းများက အထက်အပိုဒ်(၂)ပါအတိုင်း ပုံသေဓာတ်အားခနှုန်း တစ်ယူနစ်လျှင် ၉၀၀ ကျပ် ပေးဆောင်၍ လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ ရယူလိုကြောင်း ဌာနသို့ တင်ပြလာပါက ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

၄။   á€žá€­á€Żá€ˇá€›á€Źá€á€˝á€„် လက်ရှိဓာတ်အားပေးစက်ရုံများမှ ဓာတ်အားထုတ်လုပ်ပေးနိုင်မှု နှင့် ဓာတ်အားလိုင်းများမှ ဓာတ်အားသယ်ဆောင်နိုင်နင်းမှုအပေါ် မူတည်၍ ပုံမှန်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပေးလျက်ရှိသော အများပြည်သူနှင့် စက်မှု/စီးပွားရေးလုပ်ငန်းများကို လက်ရှိကောက်ခံ လျက်ရှိသောဓာတ်အားခနှုန်း (အိမ်သုံးအမျိုးအစား နှင့် အိမ်သုံးမဟုတ်သည့်အမျိုးအစားနှစ်ရပ်၏ အလွှာအလိုက် သတ်မှတ်နှုန်း) ဖြင့် ပြင်ဆင်ပြောင်းလဲမှုမရှိဘဲ ဆက်လက်ကောက်ခံသွားမည် ဖြစ်ပါသည်။

၅။   á€“á€Źá€á€şá€Ąá€Źá€¸á€žá€Żá€śá€¸á€…á€˝á€˛á€žá€°á€Ąá€™á€ťá€­á€Żá€¸á€Ąá€…á€Źá€¸á€Ąá€œá€­á€Żá€€á€ş ကောက်ခံမည့်ဓာတ်အားခနှုန်းထား သတ်မှတ်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါသည် -

စဉ်

ဓာတ်အားသုံးစွဲသူအမျိုးအစား

ဓာတ်အားခနှုန်းထား

သုံးစွဲယူနစ်အလွှာ

ကျပ်

(က)

အိမ်သုံးအမျိုးအစား

 

 

 

[နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တစ်လုံးတစ်ခဲတည်း(အိမ်သုံး)၊ စီးပွားရေးလုပ်ငန်း မပါသော ဘာသာ/ သာသနာအဆောက်အအုံ]

မှတ်ချက်။ လက်ရှိကောက်ခံနေသော နှုန်းထားအတိုင်း ပြောင်းလဲမှု မရှိပါ။

၁ မှ ၅၀ ယူနစ်အထိ

၅၀

၅၁ မှ ၁၀၀ ယူနစ်အထိ

၁၀၀

၁၀၁ မှ ၂၀၀ ယူနစ်အထိ

၁၅၀

၂၀၁ ယူနစ်နှင့် အထက်

၃၀၀

( ခ )

အိမ်သုံးမဟုတ်သည့်အမျိုးအစား

 

 

 

[စက်မှုလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများ၊ တစ်လုံးတစ်ခဲတည်း၊ ယာယီသုံး၊ လမ်းမီး၊အစိုးရရုံးဌာနအဖွဲ့ အစည်းများ၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ မြစ် ရေတင်လုပ်ငန်း၊ စည်ပင်သာယာရုံး ဌာန/လုပ်ငန်းများ၊ အစိုးရမဟုတ် သောအဖွဲ့အစည်းများ၊ နိုင်ငံခြားသံရုံး များ၊ နိုင်ငံတကာအဖွဲ့ အစည်းများ]

မှတ်ချက်။

(၁) လက်ရှိကောက်ခံနေသော နှုန်း ထားအတိုင်း ပြောင်းလဲမှု မရှိပါ။

(၂) ဓာတ်အားထုတ်လုပ်မှု နှင့် ဓာတ်အားဖြန့်ဖြူးမှု နိုင်နင်းခြင်း      မရှိလျှင် ဓာတ်အားဖြတ်တောက် မှု ( Load Shed) ရှိနိုင်ပါသည်။

၁ မှ ၅,၀၀၀ ယူနစ်အထိ

၂၅၀

 

၅,၀၀၁ မှ ၂၀,၀၀၀ ယူနစ် အထိ

၄၀၀

၂၀,၀၀၁ယူနစ်နှင့်အထက်

၅၀၀

 

(၃) စက်မှုဇုန် နှင့် အထူးစီးပွားရေးဇုန် များ၏ ပြင်ပတွင်ရှိသော စက်မှု/ စီးပွားရေးလုပ်ငန်းများက ပုံသေ ဓာတ်အားခနှုန်း တစ်ယူနစ်လျှင် ၉၀၀ ကျပ် ပေးဆောင်၍ လျှပ်စစ် ဓာတ်အားကို ၂၄ နာရီ ရယူလို ကြောင်း ဌာနသို့ တင်ပြလာပါက ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

 

 

( ဂ )

သီးခြားတိုက်ရိုက်လိုင်းဖြင့် ဓာတ်အား ရယူထားပြီး ဓာတ်အားဖြတ်တောက်မှု မရှိဘဲ ၂၄ နာရီ ဓာတ်အားရရှိသော စက်မှုဇုန်၊ အထူးစီးပွားရေးဇုန် နှင့် စက်မှု/စီးပွားရေးလုပ်ငန်းများ အမျိုးအစား

၁ ယူနစ် နှင့် အထက်

၉၀၀

 

၆။            ဤလျှပ်စစ်ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်ခြင်းသည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ စတင်အကျိုး သက်ရောက်စေရမည်။