နေပြည်တော်၊ ၂၀၂၆ ခုနှစ် ၊ မတ်လ (၁၈) ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း အမှတ်(၂)၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ အထွေထွေမန်နေဂျာ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း/အမှုထမ်း စုစုပေါင်း (၂၄၅) ဦး တက်ရောက်ကြပါသည်။
ဦးစွာ သရုပ်ပြလေ့ကျင့်ခြင်းမပြုလုပ်မီ ဥတ္တရသီရိခရိုင်၊ မီးသတ်ဦးစီးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးသက်နောင်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်ရမည့် နည်းစနစ်များကို အသေးစိတ်ရှင်းလင်းပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များမှ မီးအမျိုးအစားအလိုက် မီးငြှိမ်းသတ်နည်းများကို လက်တွေ့သရုပ်ပြသခြင်း ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့ပြီး ဝန်ထမ်းများ ကိုယ်တိုင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးငြှိမ်းသတ်နည်းများအား လက်တွေ့အသုံးချ ပါဝင်မီးငြှိမ်းသတ်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

